ရန်ကုန်      ဧပြီ      ၂၀

စင်ကာပူနိုင်ငံ၌ ကျင်းပသည့် (၈၆)ကြိမ်မြောက် စင်ကာပူအိုးပင်းပြေးခုန်ပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာပြေးခုန်ပစ်အဖွဲ့သည် ရွှေတံဆိပ်တစ်ခု၊ ငွေတံဆိပ် နှစ်ခု၊ ကြေးတံဆိပ် တစ်ခုဆွတ်ခူးရရှိခဲ့သည်။

မြန်မာပြေးခုန်ပစ်အဖွဲ့အတွက် ရွှေတံဆိပ်ဆုကို အမျိုးသမီး  မီတာ  ၁၀၀၀၀  လမ်းလျှောက်ပြိုင်ပွဲတွင် ဇင်မေထက်က ဆွတ်ခူးရရှိပြီး စံချိန်သစ်ပါ တင်ရှိခဲ့သည်။ ငွေတံဆိပ်ဆုများကို အမျိုးသား မီတာ ၁၀၀၀၀ လမ်းလျှောက်ပြိုင်ပွဲတွင် နိုင်လင်းထွန်း၊ မီတာ ၁၅၀၀ ပြိုင်ပွဲတွင် ရဲရင့်အောင်၊ ကြေးတံဆိပ်ဆုကို အမျိုးသား လှံတံပစ်ပြိုင်ပွဲတွင် ချစ်မင်းအောင်တို့က ဆွတ်ခူးရယူပေးခဲ့သည်။

ယင်းပြိုင်ပွဲတွင်  အရှေ့တောင်အာရှနိုင်ငံများအပြင် အာရှနိုင်ငံများမှလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး  မြန်မာပြေးခုန်ပစ်အဖွဲ့ ပုံမှန်ဝင်ရောက်ယှဉ်ပြိုင်နေသည့် ပြိုင်ပွဲလည်းဖြစ်သည်။

သတင်း-ရှိုင်းထက်ဇော်

ဓာတ်ပုံ-MAF