မင်းလှ ဧပြီ ၂၂
မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် မီးသတ်ဦးစီးဌာနက ဦးဆောင်၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စက်သုံးဆီအရောင်းဆိုင်များကို ယနေ့မွန်းလွဲပိုင်းက စစ်ဆေးဆောင်ရွက်သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စိုးလင်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စက်သုံးဆီအရောင်းဆိုင်များ ဆီဖြည့်နေစဉ် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရန်၊ စက်သုံးဆီသိုလှောင်ထားရှိ မှုများသည် မီးသတ်ဦးစီးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိ၊ မတော်တဆမီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဘူးများ အသုံးပြုတတ်စေရေး၊ စက်သုံးဆီ အရောင်းဆိုင်များတွင် ပြည်သူများ သိရှိလိုက်နာစေရေးအတွက် မီးဘေးလုံခြုံရေး သတိပေးဆိုင်းဘုတ်များထားရှိစေရေးတို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုခန့်


