ရွှေဘို ၂၄ မတ်
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် တကန်သာကျေးရွာ၌ မတ် ၁၈ ရက် မွန်းလွဲ ၂ နာရီခွဲက မီးလောင်မှုဖြစ်ပွား၍ မီးဘေးသင့်ခဲ့သော အိမ်ထောင်စု (၇)စုအတွက် ဆန်နှင့် ငွေကြေးများ ထောက်ပံ့လှူဒါန်း ကုသိုလ်ပြုခဲ့ကြောင်း သုခရတနာပရဟိတအသင်း(ရွှေဘို)၏ နာယကဆရာတော် ဦးဝိမလထံမှ သိရသည်။
အဆိုပါမီးလောင်မှုကြောင့် ရွှေဘိုမြို့နယ် တကန်သာကျေးရွာရှိ ထန်းရွက်မိုး ထန်းရွက်ကာ မြေစိုက်တဲ (၆)လုံး မီးလောင်ကျွမ်းခဲ့ပြီး မီးဘေးသင့် အိမ်ထောင်စု (၇)စုအတွက် မတ် ၂၃ ရက် ညနေ ၅ နာရီခွဲက သုခရတနာပရဟိတအသင်း(ရွှေဘို)က အိမ်ထောင်စုတစ်စုလျှင် ဆန်(၇)ပြည်နှင့် ငွေကျပ်နှစ်သောင်းငါးထောင်စီ လှူဒါန်းကုသိုလ်ပြုခဲ့ကြောင်း သုခရတနာပရဟိတအသင်း(ရွှေဘို)မှ သိရသည်။
မိုးသောက်(ရွှေဘို)


