တနင်္သာရီ ဧပြီ ၂၃

 

တနင်္သာရီ တိုင်းဒေသကြီး တနင်္သာရီမြို့နယ်တွင် မြို့နယ် သစ်တောဦးစီးဌာနက သစ်တော သယံဇာတများ ရေရှည်တည်တံ့စေရေး၊ တောမီးဖြစ်ပွားမှု လျော့နည်းစေရေးနှင့် မီးခိုးမြူငွေ့ကြောင့် ဖြစ်ပေါ်လာနိုင်သော ပတ်ဝန်းကျင် ညစ်ညမ်းမှုများကို လျှော့ချနိုင်ရေးအတွက် ယနေ့မွန်းလွဲပိုင်းက မြို့နယ်သစ်တော ဦးစီးဌာန၌ အသိပညာပေး ဟောပြောသည်။

 

ဦးစွာ မြို့နယ်သစ်‌တောဦးစီးဌာန တောအုပ် ဦးဇေယျာမိုးက သစ်တောထိန်းသိမ်းရေးနှင့် ပတ်သက်၍ ‌ ရှင်းလင်းဟောပြောသည်။ ဆက်လက်၍ တနင်္သာရီ မြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ် ဦးမောင်မောင်ကျော်က တောမီး လောင်ကျွမ်းမှုကြောင့် လေထုအတွင်း မီးခိုးမြူငွေ့များ တိုးပွားလာကာ လူ့ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ကြောင်း၊ မီးရှို့ခြင်းအလေ့အထများကို လျှော့ချကာ ပတ်ဝန်းကျင် နှင့်ကိုက်ညီသည့် နည်းလမ်းများကို အသုံးပြုသင့်ကြောင်း အသိပညာပေး ဆွေးနွေးခဲ့ ကြောင်း သိရသည်။

 

 မြို့နယ်(ပြန်/ဆက်)