သုံးခွ ၂၄ မတ်

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်တွင် ညောင်နီကျေးရွာနှင့် ပုလဲကျေးရွာ ဆက်စပ်လယ်ယာမြေများ မိုးတွင်းကာလ၌ ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်နှင့် ရေစီးရေလာ ကောင်းမွန်စေရန် ရည်ရွယ်၍ တိမ်ကောနေသော ညောင်နီကျေးရွာရှိ ဆင်ခေါင်းရိုးချောင်းအား တူးဖော်လျက်ရှိကြောင်း ယနေ့နံနက်ပိုင်းက တွေ့ရှိရသည်။

 

88

 

အဆိုပါချောင်းအား ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး(၆) ရန်ကုန်မြို့မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အရှည်ပေတစ်သောင်း၊ ထိပ်ဝအကျယ် ၁၈ ပေ၊ အောက်ခြေအကျယ် ၈ ပေ၊ အနက် ၅ ပေကို စက်ယန္တရားများဖြင့် တူးဖော်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

ကိုကျော်(သုံးခွ)