အိမ်မဲ ၂၄ မတ်

 


ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်စီမံကိန်း ချေးငွေများအား အသင်းသားများ လက်ဝယ်အရောက် ထုတ်ချေးပေးခြင်းကို မတ် ၂၁ နံနက် ၁၀ နာရီက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

aa

 

အဆိုပါချေးငွေများကို အိမ်မဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးမှူး ဦးဇေယျာလင်းနှင့် ဝန်ထမ်းများက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အိမ်မဲမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်သော ကျေးရွာယူနစ် ၆ ယူနစ်အနက်မှ ခလောက်သိုက်ကျေးရွာအုပ်စု ခလောက်သိုက်ကျေးရွာနှင့် အရှေ့ဥယျဉ်စုကျေးရွာတို့တွင် အသင်းသား ၁၅၀ ဦးအတွက် ချေးငွေ ကျပ် ၂၉၄၀ဝ၀ဝ၀ နှင့် သဲချောင်ကျေးရွာအုပ်စု အုတ်ရှစ်ကုန်းကျေးရွာ၊ မြေလတ်ကုန်းကျေးရွာနှင့် ကုလားစုကျေးရွာတို့တွင် အသင်းသား ၁၀၃ ဦးအတွက် ချေးငွေ ကျပ် ၂၉၄၀ဝ၀ဝ၀ အား အသင်းသားများ လက်ဝယ်အရောက် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

 

d

 

ဆက်လက်၍ မြစိမ်းရောင်စီမံကိန်း အသင်းသားများအား မြစိမ်းရောင်စီမံကိန်းအကြောင်း ရှင်းလင်းပြောကြားခြင်း၊ အသင်းဝင်များ လိုက်နာရမည့် စည်းကမ်းများအား ရှင်းလင်းပြောကြားပေးပြီး အသင်းသူအသင်းသားများ လက်ဝယ်သို့ ချေးငွေအပြည့်အဝရရှိရေးအတွက် ယခုလို ကွင်းဆင်းဆောင်ရွက် ပေးရခြင်းဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဦးစီးမှူး ဦးဇေယျာလင်းက ပြောသည်။

 


ချစ်သက်လယ် (အိမ်မဲ ပြန်/ဆက်)