ပဲခူး ဧပြီ ၂၅

ပဲခူးတိုင်းဒေသကြီး၏ အဓိကစီးပွားရေး မောင်းနှင်အားသည် MSMEs လုပ်ငန်းများပေါ်တွင် မူတည်လျက်ရှိပြီး ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်ပေးနိုင်သည့် လုပ်ငန်း တစ်ခုဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးတွင် လယ်ယာသုံးစက်ကိရိယာ မျိုးစုံထုတ်လုပ်နိုင်ကာ စားသုံး ကုန်နှင့် လူသုံးကုန်များကိုလည်း ထုတ်လုပ်လျက်ရှိကြောင်း ယမန်နေ့မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသ ကြီးအတွင်းရှိ MSMEs လုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်လာစေရေး MSMEs စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လယ်ယာသုံး စက်ကိရိယာများတွင်လည်း စက်သုံးဆီအခြေပြုစနစ်မှ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် ဆိုလာစနစ်သို့ ပြောင်းလဲ ထုတ်လုပ်သွားရမည်ဖြစ်ကြောင်း၊ လယ်ယာကဏ္ဍကြီး တစ်ခုလုံး စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲ ပေးနိုင်ပါက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ပြောင်းလဲလာမည်ဖြစ်ကြောင်း၊ စားသုံးကုန်များနှင့် ပတ်သက်၍ အရသာကောင်းမွန်မှု ရှိသော်လည်း ထုပ်ပိုးမှုပါကင်စနစ်များ ပိုမိုအဆင့်မြှင့်တင်နိုင်ပါက နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက် တင်ပို့နိုင်မည်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီးမှ ထွက်ရှိသည့် လယ်ယာသုံး စက်ကိရိယာများ၊ စားသုံးကုန်နှင့် လူသုံးကုန်များ ဈေးကွက်ရရှိရေးအတွက် ဈေးရောင်းပွဲတော်များ၊ MSMEs ပြပွဲ/ ပြိုင်ပွဲများတွင် အောင်မြင်မှုများ ရရှိခဲ့မှုအပေါ် ထပ်မံ၍ ထုတ်ကုန်တစ်ခုချင်း အလိုက် နိုင်ငံတကာအဆင့်မီဖြစ်အောင် ထပ်မံကြိုးစားသွားကြရမည်ဖြစ်ကြောင်း။

တိုင်းဒေသကြီး မြို့နယ်အလိုက် သဘာဝမြေဩဇာထုတ်လုပ်သည့် လုပ်ငန်းများ တိုးတက်များပြား လာစေရေးနှင့် ကျေးရွာအုပ်စုများအလိုက် သဘာဝမြေဩဇာဖြင့် လက်တွေ့စမ်းသပ် စိုက်ပျိုး သရုပ်ပြခြင်းများကို တာဝန်ရှိသူများက ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားကြရမည် ဖြစ် ကြောင်း၊ တက်ရောက်လာသည့် MSMEs လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ လုပ်ငန်းများအလိုက် ကြုံတွေ့ရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို ပွင့်ပွင့်လင်းလင်း တင်ပြပေးစေလိုကြောင်းနှင့် တိုင်း ဒေသကြီး MSMEs အေဂျင်စီအနေဖြင့် လိုအပ်သည့်အရင်းအနှီး၊ စက်ပစ္စည်းနှင့် နည်းပညာရရှိရေး ပံ့ပိုးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ပဲခူးတိုင်းဒေသကြီး MSMEs အေဂျင်စီအဖွဲ့ဥက္ကဋ္ဌ၊ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးကျော်ထွဋ်က ပဲခူးတိုင်းဒေသကြီး အတွင်းရှိ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးလျက်ရှိမှုနှင့် ဆက်လက်ကူညီ ပံ့ပိုးပေးသွားမည့် လုပ်ငန်းစီမံချက်များကို ရှင်းလင်းတင်ပြသည်။

ထို့နောက် တက်ရောက်လာသည့် လယ်ယာသုံးစက်ကိရိယာထုတ်လုပ်သူ လုပ်ငန်းရှင်များ၊ လူသုံးကုန်နှင့် စားသုံးကုန် ထုတ်လုပ်သည့် လုပ်ငန်းရှင်များက လုပ်ငန်းဆောင်ရွက်လျက်ရှိမှု အခြေအနေ၊ ဘက်စုံအဆင့်မြှင့် သွားမည့်အစီအမံများနှင့် ကြုံတွေ့နေရသည့် အခက်အခဲများကို ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေး ကြရာ တက်ရောက်လာသည့် ဌာနဆိုင်ရာများက ဝိုင်းဝန်း အကြံပြု ရှင်းလင်းပြောကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က MSMEs လုပ်ငန်းရှင်များ၏ တင်ပြ ချက်များနှင့်ပတ်သက်၍ လုပ်ငန်းတစ်ခုချင်းအလိုက် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)