ပြင်ဦးလွင် ဧပြီ ၂၇
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များ တာဝန်ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ခရိုင်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ဦးရဲထူးက အမှာစကားပြောကြားပြီး ခရိုင် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီအတွင်းရေးမှူး ဦးမြင့်ဇော်ထွန်းက ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် အကောင်အထည်ဖော်မှု အခြေအနေ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် ပတ်သက်၍ အသေးစိတ် တင်ပြဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ ခရိုင်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ ဦးရဲထူးက စီမံကိန်း တာဝန်များပေးအပ်ခဲ့ရာ မြို့နယ် စီမံကိန်းရေးဆွဲအကောင်အထည် ဖော်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ ခရိုင် သစ်တောဦးစီးဌာန၊ ခရိုင်လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း၊ ခရိုင်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊ ခရိုင်လမ်းဦးစီးဌာန၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


