ရန်ကုန်      ဧပြီ     ၂၇

မြန်မာနေရှင်နယ်လိဂ်ကလပ် ရတနာပုံအသင်းသည်  လာမည့် ရာသီသစ်အတွက် ခြောက်ဦးမြောက်   ပြည်တွင်းကစားသမား သစ်ခေါ်ယူလိုက်ပြီဖြစ်ပြီး အား/ကာသိပ္ပံအသင်း တောင်ပံကစားသမား သန်းတိုးအောင်ကို ခေါ်ယူခဲ့သည်။

ရတနာပုံအသင်းသည် အသင်းပိုင်ရှင် အပြောင်းအလဲပြုလုပ်၍ အသင်းအား ပြန်လည်တည်ဆောက်နေပြီး  ကစားသမားသစ်များ  ဆက်တိုက်ခေါ်ယူနေရာ  သန်းတိုးအောင် မတိုင်မီက ဆွမ်လမန်၊  သက်ပိုင်ထွေး၊ ပြည့်ဖြိုးအောင် (ဂိုး)၊  သီဟထက်အောင်နှင့်   မိုးဆွေတို့ကို   ခေါ်ယူထားသည်။ သန်းတိုးအောင်သည် ရတနာပုံ ယူ-၁၉ အသင်းတွင် ကစားခဲ့သူဖြစ်ပြီး ပရော်ဖက်ရှင်နယ် ကစားသမားဘဝကို အား/ကာသိပ္ပံအသင်းတွင် ဖြတ်သန်းကာ ရတနာပုံအသင်းသို့ ပြန်လည်ရောက်ရှိလာခြင်းဖြစ်သည်။

ရတနာပုံအသင်းသည် ရာသီသစ်အတွက် ပြည်တွင်း၊ ပြည်ပ ကစားသမားသစ်များ ထပ်မံခေါ်ယူမည်ဖြစ်သည်။

သတင်း - ချစ်ကိုကို

ဓာတ်ပုံ - YDNB FC