ကျိုင်းတုံ ၂၄ မတ်
ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးနှင့် အမှိုက်ကင်းစင်ရန်ရည်ရွယ်၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုကို ကျိုင်းတုံမြို့၏ အထင်ကရ နေရာတစ်ခုဖြစ်သည့် သစ်တစ်ပင်တောင်တွင် မတ် ၂၄ ရက် နံနက် ၉ နာရီက ကျင်းပသည်။
အဆိုပါနေရာသို့ မြို့နယ်အုပ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့် ဦးဆောင်သော မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပရဟိတ အသင်းအဖွဲ့များ ဖြစ်ကြသည့် လူငယ်စင်တာ ပရဟိတအသင်းဖွဲ့ဝင်များ၊ ရိန်းဘိုး ပရဟိတအသင်းအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ စုပေါင်းဆောင်ရွက်ခဲ့ကြပြီး စေတနာရှင်ပြည်သူများမှ သောက်ရေသန့်နှင့် အချိုရည်များ ပေးဝေလှူဒါန်းခဲ့ကြောင်း ခရိုင်(ပြန်/ဆက်)မှ သိရသည်။
MDN


