နေပြည်တော် ဧပြီ ၃၀

တပ်မတော်စစ်ကြောင်းများက အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် အင်းတော် မြို့နှင့် အဆိုပါဒေသတစ်ဝိုက်အား ယနေ့တွင် အလုံးစုံပြန်လည် သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့သည်။

NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူ ပူးပေါင်းအဖွဲ့များသည် မန္တလေး တိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအတွင်းရှိ မြို့၊ ရွာများ၌ အုပ်ချုပ်မှုယန္တရားများ ရပ်တန့်စေ ရန်အတွက် ဌာနဆိုင်ရာအဆောက် အအုံများ၊ ဆေးရုံ၊ ဆေးခန်းများ၊ စက်ရုံ၊ အလုပ်ရုံများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ဒေသခံ ပြည်သူများ၏ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်း၊ ဘာသာရေး ဆိုင်ရာ အဆောက်အအုံများတွင် ယာယီခံစစ်များ ပြုလုပ်၍ အကြမ်းဖက်လုပ်ငန်းများ လုပ် ဆောင်ခြင်းတို့ကြောင့် ဒေသခံ ပြည်သူများသည် ဘေးဒုက္ခကြီးစွာ ဖြင့် ၎င်းတို့၏ တိုက်တာအိုးအိမ် အဆောက်အအုံများ၊ ဥစ္စာပစ္စည်းများကို စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ထို့ကြောင့် တပ်မတော် စစ်ကြောင်းများအနေဖြင့် အကြမ်းဖက်သောင်းကျန်းသူများ ယာယီစိုးမိုးထားသည့် မြို့၊ ရွာ များအား ပြန်လည်ရရှိရေးအတွက် လိုအပ်သည့်စုဖွဲ့မှုများကို စနစ် တကျဆောင်ရွက်ပြီး တုံးတိုက် တိုက်ကျားကိုက်ကိုက် စိတ်ဓာတ်များဖြင့် ပစ်ခတ်မှုနှင့် စစ်ကစားမှု ကို ဟန်ချက်ညီညီပေါင်းစပ်ပြီး ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများ ယာယီစိုးမိုးထားသော မန္တလေး-မတ္တရာ - စဉ့်ကူး - သပိတ်ကျင်း လမ်းကြောင်းနှင့် တကောင်းမြို့ တို့အား ပြန်လည်ထိန်းချုပ်နိုင်ခဲ့ သည့်သတင်းများကို ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

ဆက်လက်၍ တပ်မတော် စစ်ကြောင်းအနေဖြင့် အောင်မြင်မှုများ ဆက်တိုက်ရရှိလာမှုများနှင့်အတူ တိုက်စစ်အဟုန်များ မြှင့်တင်ပြီး အကြမ်းဖက် သောင်းကျန်းသူများ ယာယီစိုးမိုး ထားသည့် လက်ကျန်မြို့၊ ရွာများအား ပြန်လည်ရရှိရေးအတွက် ပစ်ခတ်မှုနှင့် စစ်ကစားမှုကို ဟန်ချက်ညီညီ ပေါင်းစပ် တိုက်ခိုက်ခဲ့ရာ တကောင်းမြို့နှင့် ထီးချိုင့်မြို့သို့ ဆက်သွယ်ထား သော လမ်းကြောင်းအား မတ်လ ၂၅ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး တပ်မတော် စစ်ကြောင်းများသည် ထီးချိုင့်မြို့ မှ ကသာမြို့သို့ အဆင့်ဆင့်ချီတက် ရှင်းလင်းခဲ့ကြသည်။

ထို့နောက် တပ်မတော် စစ်ကြောင်းများသည် အကြမ်းဖက်သမားများ ယာယီစိုးမိုးထားသည့် အင်းတော်မြို့အား ပြန်လည်ရရှိရေးအတွက် ကသာမြို့၌ လိုအပ်သည့် စုဖွဲ့ပြင်ဆင်မှုများ ဆောင်ရွက်ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်များကို ကာကွယ်စောင့်ရှောက်ရမည့် တပ်မတော်သားများ ဖြစ်သည်နှင့် အညီ စစ်ကြောင်းများခွဲကာ ပစ်ခတ်မှုနှင့် စစ်ကစားမှုကို ဟန်ချက်ညီညီ ပေါင်းစပ်ပြီး ပြန်လည်တိုက်ခိုက်ခဲ့ရာ ပင်းမလွတ်ရွာအား ၂၀၂၆ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် လည်းကောင်း၊ နဘားလမ်းဆုံနှင့် နဘားရွာအား ဧပြီလ ၂၉ ရက်နေ့တွင် လည်း ကောင်း၊ ကန်းနီရွာ၊ နားရခေါင်ရွာ၊ ကြာအင်းရွာ၊ ကျွန်းတောရွာနှင့် ကူဆိပ်ရွာတို့အား ဧပြီ ၃၀ ရက် (ယနေ့)နံနက်ပိုင်းတွင် လည်းကောင်း၊ အင်းတော်မြို့အား ယနေ့ ညနေပိုင်းတွင် လည်းကောင်း အသီးသီး ပြန်လည်သိမ်းပိုက်ရရှိခဲ့ပြီး ယနေ့တွင် အင်းတော်မြို့နှင့် ပတ်ဝန်းကျင်ဒေသတစ်ဝိုက်အား အလုံးစုံ ပြန်လည်သိမ်းပိုက် ထိန်းချုပ်နိုင်ခဲ့သည်။

တပ်မတော်စစ်ကြောင်းများက အင်းတော်မြို့နှင့် အဆိုပါဒေသ တစ်ဝိုက်အား ပြန်လည်သိမ်းပိုက် ရရှိရေး မိမိတို့၏အသက်ကို ပဓာနမထားဘဲ ရင်ကိုမြေကတုတ်လုပ်ကာ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ချေမှုန်း ခဲ့ရာ စစ်ဆင်ရေးကာလ ခုနစ်ရက်အတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် တိုက်ပွဲကြီး/ငယ် ထိတွေ့မှုစုစုပေါင်း ၁၇ ကြိမ် ဖြစ်ပွားခဲ့ရာ ရန်သူ့ထံမှ အလောင်း ၃၃ လောင်း၊ လက်နက်မျိုးစုံ ၁၈ လက်နှင့် ဆက်စပ်ပစ္စည်းများ သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်သားအချို့ နိုင်ငံတော်နှင့် ပြည်သူလူထု အတွက် မြင့်မြတ်စွာအသက်ပေးလှူခဲ့ရသည်။

အကြမ်းဖက်ပူးပေါင်းအဖွဲ့များအနေဖြင့် အင်းတော်မြို့နှင့် ၎င်းဒေသတစ်ဝိုက်အား ခေတ္တစိုးမိုး ထားစဉ် မြို့/ရွာများအတွင်းရှိ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဌာနဆိုင်ရာ အဆောက်အအုံများ၊ ဆေးရုံများနှင့် လူနေအိမ်များတွင် ဘန်ကာများ ဆောက်လုပ်ပြီး တပ်မတော်စစ်ကြောင်းများအား ပစ်ခတ်တိုက်ခိုက်ခြင်း၊ ယာယီနေရပ်စွန့်ခွာနေရသည့် ဒေသခံ ပြည်သူများ၏ အိုးအိမ်များကို ခံစစ်တံတိုင်းအဖြစ် အကာအကွယ် ရယူ၍ ပစ်ခတ်တိုက်ခိုက်ခြင်း များ လုပ်ဆောင်ခဲ့ကြသဖြင့် ဒေသခံပြည်သူများ အနေဖြင့် ၎င်းတို့၏ တိုက်တာအိုးအိမ်၊ စည်းစိမ်များကို စွန့်လွှတ်၍ တိုက်ပွဲဖြစ်ပွားမှု ကင်းလွတ်ရာ နေရာများသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ရပြီး ကျောင်းနေအရွယ် ကလေးလူငယ်များသည်လည်း ပညာသင်ကြားခွင့်များ ဆုံးရှုံးခဲ့ကြရသည်။

တပ်မတော် စစ်ကြောင်းများအနေဖြင့် အကြမ်းဖက်ပူးပေါင်း အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ် များကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့် လူနေတိုက်တာ အိုးအိမ်များ၊ လမ်းတံတားများ၊ ဌာနဆိုင်ရာ အဆောက်အအုံများ ကို ပြင်ဆင်ခြင်း၊ အများပြည်သူ အသုံးပြုလျက်ရှိသည့် လမ်းများ နှင့် အဆောက်အအုံများအကြား အကြမ်းဖက် ပူးပေါင်းအဖွဲ့များ ထောင်ထားသည့် မိုင်းအန္တရာယ် ကင်းရှင်းရေး လုပ်ငန်းစဉ်များကို အမြန်ဆုံး ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး စာသင်ကျောင်းများ အား အမြန်ဆုံးပြန်လည်ပြုပြင် ပြီးစီးပါက ကျောင်းနေအရွယ် ကလေးလူငယ်များအားလုံး စာသင်ကြားနိုင်ရေး ဦးစားပေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူများအနေဖြင့် NUGCRPH တို့၏ သွေးထိုး မြှောက်ပင့်မှုများကို နားယောင်ပြီး ယခုကဲ့သို့ အကြမ်းဖက်လုပ်ငန်း များ လုပ်ဆောင်ခြင်းများသည် အဆိုပါဒေသအတွင်း နေထိုင်လျက်ရှိသော ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှု များတွင် များစွာနောက်ကျစေသဖြင့် နိုင်ငံတော်နှင့် ဒေသအတွက် အမှန်တကယ် အကျိုးပြုလိုပါက နီးစပ်ရာ လုံခြုံရေးစခန်းများနှင့် ချိတ်ဆက်၍ အလင်းဝင်ရောက်သင့်ကြောင်း သတင်းထုတ်ပြန် ထားသည်။

သတင်းစဉ်