ရန်ကုန် မေ ၃
ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ပေးခြင်းနှင့် Biometric ကောက်ယူကာ UID ကတ်ထုတ်ပေးခြင်း လုပ်ငန်းများကို ယမန်နေ့က မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြောက်ဥက္ကလာ မြို့နယ်ဦးစီးမှူး ဦးစံတင်ဦး ဦးဆောင်သောအဖွဲ့က (ဋ)ရပ်ကွက်အတွင်းရှိ အသက် ၁၈ နှစ်ပြည့်ပြီးသူ ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်များနှင့် Biometric ကောက်ယူ၍ UID ကတ် ထုတ်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)


