လွိုင်လင်   မေ   ၄

လွိုင်လင်မြို့နယ် အားကစားနှင့်ကယပညာဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော Football For School Program အရ ပြုလုပ်သည့် ဘောလုံး၊  ပြေးခုန်ပစ်၊ ကြက်တောင် အားကစားသင်တန်းများဖွင့်ပွဲကို ယနေ့မွန်းလွဲပိုင်းက ခရိုင်လေ့ကျင့်ရေးအားကစားရုံတွင် ကျင်းပသည်။

အဆိုပါ   သင်တန်းဖွင့်ပွဲသို့ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခွန်သက်နိုင်၊ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်မိုး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်နှင့်  အားကစားနှင့်  ကာယပညာ ဦးစီးဌာန  ခရိုင်/မြို့နယ် ဦးစီးမှူးများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။ ဦးစွာ ဒုတိယ  ခရိုင်အုပ်ချုပ်ရေးမှူးက သင်တန်းဖွင့်အမှာစကား ပြောကြားသည်။   ယင်းနောက် မြို့နယ်အုပ်ချုပ်ရေးမှူးက သင်တန်းအတွက် ငွေကျပ် နှစ်သိန်းကိုပေးအပ်ရာ အားကစားနှင့် ကာယပညာဦးစီးဌာန  မြို့နယ်ဦးစီးမှူး ဒေါ်မိုးမိုးအေးက လက်ခံရယူသည်။

အဆိုပါ Football For School Program အစီအစဉ်တွင် ဘောလုံး၊ ကြက်တောင်နှင့်   ပြေးခုန်ပစ်အားကစားနည်း  သုံးမျိုးကို သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းကို မေ ၂၂ ရက်အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း  သိရသည်။                    

လွိုင်လင်မိုး