မြောင်းမြ မေ ၄
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့၌ Pilot Project အစီအစဉ်အရ ဘောလုံး၊ ပိုက်ကျော်ခြင်းနှင့် ပြေးခုန်ပစ်အားကစားသင်တန်းများကို ယနေ့ညနေ ၄ နာရီက မြို့မအားကစားကွင်း၌ ကျင်းပသည်။
အခမ်းအနားတွင် မြောင်းမြခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်က အမှာစကားပြောကြားပြီး ဘင်ခရာအဖွဲ့အား ဂုဏ်ပြုဆုငွေများချီးမြှင့်သည်။ ဆက်လက်၍ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုကိုတို့က အားကစားပစ္စည်းများပေးအပ်ရာ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန ဦးစီးမှူးက လက်ခံရယူသည်။
ယင်းနောက် မြောင်းမြခရိုင်နှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် အခမ်းအနားတက်ရောက်လာသူများက Pilot Project အစီအစဉ်အရ မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အားကစားသင်တန်းများမှ ဘောလုံးသင်တန်းသားများ၏ လေ့ကျင့်ဆောင်ရွက်မှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဇေယျာ(ပြန်/ဆက်)


