တောင်ငူ  မေ  ၄

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင်၍  တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ ရက်  (၁၀၀)  စီမံချက်ဖြင့်  ကြီးမှူးဖွင့်လှစ်သည့်   Football for   School    Pilot   Project Program ဘောလုံးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက တောင်ငူခရိုင် အားကစားကွင်း ၌ ကျင်းပသည်။

ထိုသို့  ကျင်းပရာတွင်  တောင်ငူခရိုင်  စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဦးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက်  တိုင်းဒေသကြီး အားကစားနှင့်  ကာယပညာဦးစီးဌာနမှ ဝတ်စုံ  ၁၀၀၊ ဘောလုံး ၁၀ လုံး၊   အလှူရှင် ဦးပေါ်ဦးက ငွေကျပ် သိန်း  ၂၀၊ PCEC ကိုယ်ပိုင်အလယ်တန်းကျောင်း၊ ပွင့်ဦးကိုယ်ပိုင်အထက်တန်း ကျောင်းနှင့် မဟာကိုယ်ပိုင်အထက်တန်းကျောင်းတို့က စုပေါင်း၍ ဘောလုံး ၂၅ လုံးကို ​ပေးအပ် လှူဒါန်းရာ  တာဝန်ရှိသူများက လက်ခံရယူသည်။ အဆိုပါ သင်တန်းကို မေ ၄ ရက်မှ ၂၂ ရက်အထိ  သင်ကြားပို့ချမည်ဖြစ်ပြီး ကျောင်းသား  ကျောင်းသူ ၁၀၀  ခန့်အား နည်းပြ ၁၀ ဦးဖြင့် နေ့စဉ် ညနေ ၄ နာရီခွဲမှ ၅ နာရီခွဲအထိ  သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဇော်ကိုကို (တောင်ငူ)