နေပြည်တော် ၂၄  မတ် 

 

ရွှေကူမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၃ ရက် ည ၇ နာရီက ရွှေကူမြို့နယ်၊ စီမော်ကျေးရွာ၊ ရွာလယ်လမ်းတွင် ဆန်းကို မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်ကို ရပ်တန့်ရှာဖွေရာ ဘိန်းဖြူ ၅၂၈ ဂရမ်နှင့် လက်ကိုင်ဖုန်းတစ်လုံးတို့ကိုလည်းကောင်း၊ 

 

ထို့အတူ မတ် ၂၂ ရက် ညနေ ၅ နာရီက တပ်မတော်မှ ကွတ်ခိုင်မြို့နယ်၊ စင်ကျိုင်းကျေးရွာနေ လုံချီ ၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်းအားနေအိမ်တွင်မတွေ့ရှိဘဲ နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၆,ဝ၀ဝ ၊ ဘိန်းစိမ်း ၈၁၆ ဒသမ ၅ ဂရမ်၊ ဘိန်းဖြူ ၂၀ ဂရမ်၊ မြန်မာငွေကျပ် ၂,ဝ၆၀,ဝ၀ဝ နှင့် တရုတ်နိုင်ငံသုံးငွေ ၆,၈၀ဝ ယွမ် တို့ကို လည်းကောင်း၊ အလားတူ မတ် ၂၃ ရက် ညနေ ၆ နာရီက မူးယစ်တပ်ဖွဲ့စု(၂၂)မူဆယ်မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း အဖွဲ့သည့် မူဆယ်မြို့၊ စွမ်စော်ရပ်ကွက်၊ တရုတ်ကျောင်းလမ်းရှိ မကျန်းကျင်းရွှေ၏နေအိမ်ကိုဝင်ရောက် ရှာဖွေရာ ၎င်းနှင့်အတူ လိုအင်းယုံ အားတွေ့ရှိရပြီး ၄င်း၏အိပ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁,၉၉၀ သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း ရဲပြန်ကြားမှ သိရသည်။

 

MDN