နေပြည်တော် မေ ၄
မြန်မာ့လက်ရွေးစင် အမျိုးသား ယူ-၁၇ အသင်းသည် အာရှဖလား ယူ-၁၇ နောက်ဆုံးအဆင့်ပွဲစဉ်များ ယှဉ်ပြိုင်ရန်အတွက် ဆော်ဒီအာရေဗျနိုင်ငံ Jeddah မြို့သို့ မေ ၂ ရက်တွင် ရောက်ရှိပြီး ဆော်ဒီအာရေဗျကလပ် Al Ahli FC အသင်း လေ့ကျင့်ရေးကွင်း၌ စတင်လေ့ကျင့်လျက်ရှိသည်။
ပြိုင်ပွဲကို မေ ၅ ရက်တွင် မြန်မာယူ-၁၇ အသင်းအနေဖြင့် အုပ်စု(A)၌ အိမ်ရှင် ဆော်ဒီအာရေဗျ ယူ-၁၇အသင်း၊ မေ ၉ ရက်တွင် တာဂျီကစ္စတန် ယူ-၁၇ အသင်း၊ မေ ၁၂ ရက်တွင် ထိုင်း ယူ-၁၇ အသင်းများနှင့် အုပ်စုပွဲစဉ်များ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အုပ်စု(ပ)နှင့်(ဒု) အသင်းနှစ်သင်း ကွာတားဖိုင်နယ်သို့ တက်ရောက်ခွင့်ရမည်ဖြစ်သည်။
မြန်မာ ယူ-၁၇ အသင်းကို အပြီးသတ်ကစားသမား ၂၃ ဦးဖြင့် ရွေးချယ်ခဲ့ပြီး ဂိုး - ထက်ဝေယံ၊ လင်းလတ်ထွန်း၊ ရှင်းသန့်ထူး၊ နောက်တန်း - အောင်သီဟ၊ မျိုးခန့်ကျော်၊ မြင့်မြတ်ကိုကို၊ ဝင်းဇော်၊ ပိုင်စိုးကျော်၊ အောင်ဆက်ပိုင်၊ ဖုန်းခန့်အောင်၊ မြတ်မင်းသူ၊ အလယ်တန်း- ကောင်းခန့်၊ ဝင်းမင်းသန့်၊ ဟန်ထူးလွင်၊ အံ့ထူးပိုင်၊ ချန်လန်းတိန်း၊ အောင်မြတ်သာ၊ စိုင်းမြတ်မင်း၊ လင်းရောင်၊ နေမျိုးသူ၊ အောင်ကောင်းမြတ်၊ ရှေ့တန်း - ညီညီသန့်၊ ဒီဝေယံတို့ ပါဝင်ကြောင်း သိရသည်။
ဟိန်းထက်ဇော်(မြန်မာ့အလင်း)
ဓာတ်ပုံ - MFF


