ဘုတ်ပြင်း မေ ၄
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ် သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို မေ ၃ ရက်က မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ကျင်းပသည်။
အစည်းအဝေးတွင် သဘာပတိ ဦးလှမြင့်က အမှာစကားပြောကြားသည်။ ယင်းနောက် မြို့နယ် သမဝါယမအသင်းစုလီမိတက် ဥက္ကဋ္ဌ ဦးယုဌေးက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းဆွေးနွေးပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးနန္ဒက အရပ်ရပ် ဆိုင်ရာအစည်းအဝေး ကျင်းပရခြင်းအား ရှင်းလင်းပြောကြားသည်။ အမှုဆောင်အဖွဲ့ဝင် ဦးဝင်းခိုင်က အမှုဆောင်ကော်မတီ၏ လုပ်ငန်းအစီရင်ခံစာ၊ အသင်းစာရင်းစစ်အဖွဲ့၏ စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာ၊ ဘဏ္ဍာရေး ရှင်းတမ်းနှင့် ရှေ့လုပ်ငန်းစဉ်များကို ဖတ်ကြားတင်သွင်းပြီး အသင်းဝင် ကိုယ်စားလှယ်များ၏ အတည်ပြုချက် ရယူခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


