မေ ၅

ဗီယက်နမ်နိုင်ငံတွင် ဧပြီလ ၃၀ ရက်မှ မေလ ၃ ရက်အထိ ပြန်လည်ပေါင်းစည်းရေးနေ့နှင့် အလုပ်သမားနေ့ အားလပ်ရက်အတွင်း ယာဉ်မတော်တဆမှု ၁၇၇ မှု စံချိန်တင်ခဲ့ကြောင်းနှင့် လူ ၉၅ ဦး သေဆုံးပြီး ၁၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဗီယက်နမ်သတင်းဌာနက ယမန်နေ့က ဖော်ပြခဲ့သည်။

လမ်းမတော်တဆမှု ၁၇၆ မှုဖြင့် အများဆုံးဖြစ်ပြီး ရထားလမ်းမတော်တဆမှုတွင် အသက်ဆုံးရှုံးမှု တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဖော်ပြထားသည်။

နိုင်ငံတစ်ဝန်းတွင် လမ်းစည်းကမ်းချိုးဖောက်မှု ၅၃၈၀၀ ကျော်၊ ပြည်တွင်းရေလမ်းစည်းကမ်းချိုးဖောက်မှု ၇၉၉ မှုနှင့် ရထားလမ်းစည်းကမ်းချိုးဖောက်မှု ၃၆၆ မှုတို့ကို ယာဉ်ထိန်းရဲများကတွေ့ရှိခဲ့ပြီး ယာဉ်အများအပြားကို ယာယီသိမ်းဆည်းထားသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို