အာဆင်နယ်အသင်းဟာ မေ ၆ ရက် နံနက်ပိုင်းက  အက်သလက်တီကို မက်ဒရစ်အသင်းနဲ့  ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ အနိုင်ရရှိခဲ့ပြီးနောက် နှစ်‌ပေါင်း၂၀ အတွင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ပထမဆုံးအကြိမ်  တက်လှမ်းခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းကို ဒုတိယအကျော့မှာ  ဆာကာရဲ့  တစ်လုံးတည်းသောသွင်းဂိုးဖြင့်    အနိုင်ရရှိခဲ့ပြီး ပထမအကျော့မှာ  တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်‌ပေါ်ခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရကာ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်အသင်းအနေနဲ့ ယခုဘောလုံးရာသီ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို တက်လှမ်းလာတဲ့လမ်းကြောင်းကို ကြည့်မယ်ဆိုပါက ဘိုင်ယန်မြူးနစ်အသင်း၊ အင်တာမီလန်အသင်း၊ စပို့တင်းအသင်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ကို ကျော်ဖြတ်ကာ ဗိုလ်လုပွဲတက်လှမ်းခဲ့တာဖြစ်ပါ တယ်။

အာဆင်နယ်အသင်းဟာ  ချန်ပီယံလိဂ်ဗိုလ်လုပွဲကို  ၂၀၂၆ ခုနှစ်က နောက်ဆုံးအကြိမ်တက်လှမ်းခဲ့ပြီး  ဘာစီလိုနာအသင်းကို ရှုံးနိမ့်ခဲ့လို့ ချန်ပီယံလိဂ်ဖလား  ချန်ပီယံဖြစ်ခွင့်နဲ့ လွဲခဲ့ရတာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲစဉ်အဖြစ် ပီအက်စ်ဂျီအသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့ရဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာ အနိုင်ရတဲ့အသင်းနဲ့ မေ ၃၀ ရက်မှာ ဘူဒါပက်မြို့၌ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အနိုင်ရရှိပါက အသင်းရဲ့သမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ဖလားကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်တော့မှာဖြစ်ပါတယ်။       

ငွေကြယ်