ရန်ကုန် မေ ၇

 

အီရတ်နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသူ မဝင်းဝင်းအေး၊ မဝိုင်းသစ္စာနှင့် မနွယ်နီမြင့်တို့ကို အမိနိုင်ငံသို့ ပို့ဆောင်နိုင်ရန် ကိုင်ရိုမြို့ရှိ မြန်မာသံရုံးသည် အီရတ်နိုင်ငံမှ အစိုးရအဖွဲ့အစည်းများ၊ IOM အဖွဲ့တို့နှင့် ညှိနှိုင်းချိတ်ဆက်ဆောင်ရွက်မှုဖြင့် မေ ၆ ရက်တွင် ဘဂ္ဂဒတ်မြို့မှ လေကြောင်းလိုင်းဖြင့် ထွက်ခွာခဲ့ရာ မေ ၇ ရက် ည ၈ နာရီခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် အမိနိုင်ငံသားများ ပြည်ပတွင် အလုပ်လုပ်ကိုင်စဉ် အခက်အခဲကြုံတွေ့ရပါက မြန်မာသံရုံးနှင့် မြန်မာကောင်စစ်ဝန်ချုပ်ရုံးတို့၏ ညှိနှိုင်းကူညီဆောင်ရွက်ပေးမှုဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးလျက်ရှိရာ ယခုကဲ့သို့ အမိနိုင်ငံသားများ အတိဒုက္ခကြုံတွေ့နေရစဉ် ကူညီကယ်တင်ပေးမှုကို အလုပ်သမားနှင့် မိဘဆွေမျိုးများက နိုင်ငံတော်အစိုးရ၊ မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့ကို လှိုက်လှဲစွာ ကျေးဇူးတင်လျက်ရှိကြောင်း သိရသည်။

 

ညိမ်းသူ (သတင်းစဉ်)
ဓာတ်ပုံ-ကနူး