ငွေဆောင် မေ ၉

လူရည်ချွန်စခန်း(ငွေဆောင်)မှ ၂၀၂၆ ခုနှစ် ဧကာဒသမတန်း လူရည်ချွန် မောင်မယ်များသည် ယနေ့နံနက်ပိုင်းတွင် ငွေဆောင်ဒေသရှိ ယုဇနပုစွန်မွေးမြူရေး လုပ်ငန်းနှင့် ငွေဆောင်ဆင်စခန်းသို့ ဒေသန္တရဗဟုသုတလေ့လာရေးသို့ သွားရောက်ကြသည်။

ဦးစွာ ငွေဆောင်မြို့ရှိ  IFD ပုဇွန် မွေးမြူရေးလုပ်ငန်းတွင် နည်းစနစ် တကျမွေးမြူထားရှိမှုနှင့် လုပ်ငန်း သုံးပစ္စည်းပြခန်းများကို  စိတ်ဝင် စားစွာလေ့လာကြပြီး သိရှိလိုသည်များကို မေးမြန်းကြသည်။

ထို့နောက်  ငွေဆောင်အပန်းဖြေ ဆင်စခန်းကို  လေ့လာကြပြီး  ဆင်လိမ္မာကြီးက လူရည်ချွန် မောင်မယ်များအား ပန်းခြင်းပေး၍ ကြိုဆိုခြင်း၊  ဘောလုံးကန်သရုပ် ပြသခြင်းကို ကြည့်ရှုအားပေး၍ ဆင်လိမ္မာလေးများကို အစာကျွေး ခြင်း၊ ဆင်စီးခြင်းတို့ကို ပျော်ရွှင်စွာ ဆောင်ရွက်ကြသည်။

မွန်းလွဲပိုင်းတွင် မြို့မလမ်းရှိ ငွေဆောင်မြို့စျေးတန်းသို့  သွားရောက်၍ ဒေသထွက်ကုန်ပစ္စည်း များကို အမှတ်တရ လက်ဆောင် ဝယ်ယူခဲ့ကြကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)