နေပြည်တော် မေ ၉
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် သည် ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့နယ်နှင့် ညောင်ရွှေမြို့နယ်တို့ရှိ အခြေခံပညာကျောင်းများကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ဦးစွာ တောင်ကြီးမြို့နယ်အတွင်း Smart School နှင့် Football For School Program အကောင် အထည်ဖော်ဆောင်ရွက်ရန်လျာထားသည့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း(တောင်ကြီး)နှင့် အခြေခံပညာအထက်တန်းကျောင်း (ပန်သခွား)တို့၌ သတ်မှတ်စံနှုန်းနှင့်ကိုက်ညီသည့် အားကစားကွင်းနှင့် ဘက်စုံသုံးအားကစားခန်းမ တည်ဆောက်နိုင်ရေး မြေနေရာရွေးချယ်မှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် လူရည်ချွန်ကျောင်းသား ကျောင်းသူများ သွားရောက်လည်ပတ်လေ့လာနေသည့် အင်းလေး-စိန်သမာဓိ (မြန်မာ့ရိုးရာ ရွှေထည်ငွေထည် နှင့်ချည်ထည်လုပ်ငန်း)သို့သွားရောက်၍ အားပေး စကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


