ကဝ မေ ၁၀

 

ပဲခူးတိုင်းဒေသကြီး ကဝမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးခြင်းနှင့် UID ကတ်များ ထုတ်ပေးခြင်းကို မိုးမြန်မာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မိုးဂနိမ်းကျောင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးဝင်းဆန်း၏ ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက မေ ၇ ရက်တွင် ရပ်ကွက်နေပြည်သူများနှင့် ကျောင်းသား ကျောင်းသူများအား ကွင်းဆင်းဆောင်ရွက်ပေးသည်။

 

ပေါင်းစပ်ဆောင်ရွက်ပေး

အဆိုပါ ကွင်းဆင်းဆောင်ရွက်ပေးရာနေရာသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထွန်းနှင့်အဖွဲ့ဝင်များက လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရဲဇော်ဟိန်း(ပြန်/ဆက်)