ဟိုပုံး မေ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ နိုင်ငံတော်အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် မိုင်းလင်းကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ(၆၆/၆) ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ဖိုးစိန်က အမှာစကားပြောကြားပြီး မိုင်းလင်းကျေးရွာအုပ်စုမှ အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ(၆၆/၆) ၂၂၀၊ အသက်(၁၀)နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ် ၁၄၅ ကတ်၊ အသက်(၁၈) နှစ်ပြည့် နိုင်ငံသား စိစစ်ရေးကတ် ၃၄၃ ကတ်ကို ကာယကံရှင်များ လက်ဝယ်အရောက် ထုတ်ပေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)


