မူဆယ် ၂၅ မတ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်၊ သွင်းကုန် စစ်ဆေးရေးစခန်းတွင် မတ်လ ၂၂ ရက်တွင် အမိုနီယမ်နိုက်ထရိတ် ကီလို(၂)သာင်းကျော် ဖမ်းစီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မူဆယ်မြို့၊ (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်၊ သွင်းကုန်စစ်ဆေးရေး စခန်း၌ အကောက်ခွန်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမင်းအောင် ဦးစီးအဖွဲ့သည် သွင်းကုန်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မူဆယ်ဘက်မှ လားရှိုးဘက်သို့ မောင်းနှင်လာသည့် 1M/×××× Hino ၂၂ ဘီးယာဉ်အား စစ်ဆေးခဲ့ရာ ယာဉ်ပေါ်မှ မြေဆီများထည့်သည့် အိတ် ၅၇၀ လုံးဖြင့် ထည့်ထားသော အမိုနီယမ်နိုက်ထရိတ် ၂၂၈၀ဝ ကီလိုအား ဖမ်းဆီးရမိခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ တရားခံ(စိစစ်ဆဲ)အား မူဆယ်မြို့၊ မြို့မရဲစခန်းမှ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၃၈ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ဗန်ရိုးထန်(ပြန်/ဆက်)