မြစ်ကြီးနား မေ ၁၀
၂၀၂၆ ခုနှစ် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ ညနေ ၃ နာရီခွဲက မြစ်ကြီးနားခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာန ငြိမ်းချမ်းသာယာဘော်လီဘောအားကစားရုံ၌ ကျင်းပသည်။
ဦးစွာ အမျိုးသားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် လယ်ကုန်းအသင်းနှင့် Golden eagle အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဘော်လီဘောအားကစားဝါသနာရှင် ပြည်သူများ ကြည့်ရှုအားပေးကြရာ Golden eagle အသင်းက အနိုင်ရရှိသည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးများက ဒိုင်အဖွဲ့နှင့် သရုပ်ပြအကအဖွဲ့၊ အမျိုးသမီးပြိုင်ပွဲတွင် ဒုတိယဆုရအသင်း၊ အမျိုးသားပြိုင်ပွဲတွင် ဒုတိယဆုရ လယ်ကုန်းအသင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုရ Grace Dencer အမျိုးသမီးအသင်း၊ ပထမဆုရ အမျိုးသားဘော်လီဘောအသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်များကို ပေးအပ်ချီးမြှင့်ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရအသင်းနှင့် အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပထမဆုရအသင်းတို့အား ဂုဏ်ပြုဆုငွေများနှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)


