ဖြူး မေ ၁၁

 

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်၌ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက နွားမေထုန်မဲ့သားစပ် သင်တန်းကို ဒိုင်းတရာကျေးရွာတွင် မေလ ပထမပတ်က ဖွင့်လှစ်သင်ကြားပေးခဲ့သည်။

 

အဆိုပါသင်တန်းတွင် မင်းဂံရိုးကျေးရွာအုပ်စုအတွင်းရှိ မွေးမြူရေးလုပ်ကိုင်သူ သင်တန်းသား ၂၀ တက်ရောက်ပြီး မြို့နယ်ဦးစီးမှူး ဒေါက်တာ စိုးငြိမ်းအောင်နှင့် ဝန်ထမ်းများက စာတွေ့၊ လက်တွေ့ သင်ကြားပေးခဲ့ကြောင်းနှင့် သင်တန်းအပြီးတွင် ကျေးရွာအတွင်းရှိ နွားကောင်ရေ ၆၃ ကောင်အား ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း သိရသည်။         

နေမျိုးလွင်(ပြန်/ဆက်)