ကျောက်မဲ မေ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ် ကျင်သီကျေးရွာ၌ ကုန်ထုတ်လမ်းဖောက်လုပ်နေမှုကို ယမန်နေ့မွန်းလွဲပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရှမ်းပြည်နယ်(မြောက်ပိုင်း) ပြည်နယ်ဦးစီးမှူး ဦးစောမြင့်ထွန်းက ကွင်းဆင်းကြီးကြပ်ခဲ့သည်။
သီပေါမြို့နယ် ကျင်သီကျေးရွာ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်း(၁/၀)မိုင် လုပ်ငန်းကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ အရေးပေါ်ရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျောက်မဲခရိုင်ဦးစီးမှူး ဒေါ်နန်းဖြူဖြူအောင်နှင့် မြို့နယ်ဦးစီးမှူး ဦးဝင်းဆောင်တို့က လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြသည်။
အဆိုပါ ကျင်သီကျေးရွာကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက ကျေးရွာထုတ်ကုန်များ မြို့ပေါ်သို့တင်ပို့ရာတွင် များစွာအထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


