ဟင်္သာတ မေ ၁၁
ဟင်္သာတမြို့နယ်မှ လူရည်ချွန် မောင်/မယ်များအား ကြိုဆိုဂုဏ်ပြုပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဟင်္သာခန်းမ၌ ကျင်းပသည်။
ပြန်လည်မျှဝေ
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက အမှာစကားပြောကြားပြီး လူရည်ချွန် မောင်/မယ်များက သွားရောက်လေ့လာခဲ့သည့် ဗဟုသုတများကို ပြန်လည်မျှဝေခဲ့ကြသည်။ ဆက်လက်၍ လူရည်ချွန်မောင်/မယ် ခုနစ်ဦးတို့အား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုဒိုင်းများ၊ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


