ပုသိမ် မေ ၁၂

 

ဧရာဝတီဖွံ့ဖြိုးတိုးတက်ရေးအများနှင့် သက်ဆိုင်သောကုမ္ပဏီလီမိတက်က ပုသိမ်စက်မှု စီမံကိန်းနှင့် 30 MW Solar Power Generation Project လုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု အခြေအနေများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်သည်။

 

ရှင်းလင်းတင်ပြ

အခမ်းအနားတွင် ကုမ္ပဏီမှ တာဝန်ရှိသူများက အဆိုပြု ဆိုလာစီမံကိန်း 30 MW မှ ထုတ်လုပ်ပေးနိုင်မည့် လစဉ်ဓာတ်အားအခြေအနေ၊ မဟာဓာတ်အားလိုင်းသို့ ချိတ်ဆက်နိုင်မှု၊ နေရောင်ခြည်စွမ်းအင် ရရှိနိုင်မှုအခြေအနေ၊ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်မည့် အချိန်ကာလ၊ စီမံကိန်း အမြန်ဆုံး စတင်ဆောင်ရွက်နိုင်ရန်အတွက် ပြင်ဆင်ထားရှိမှုများကို ရှင်းလင်းတင်ပြသည်။

 

အဆိုပါ မဂ္ဂါဝပ် ၃၀ ပုသိမ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းကို မေ ၂၆ ရက်တွင် စတင်ဆောင်ရွက်မည်ဖြစ်ပြီး ၂၀၂၇ ခုနှစ် မေ ၂၆ ရက်တွင် လုပ်ငန်းပြီးစီးမည် ဖြစ်သည်။ ကနဦး မဂ္ဂါဝပ် ၃၀ ဖြင့် စတင်ဆောင်ရွက်မည်ဖြစ်ကာ စီမံကိန်းအကောင်အထည်ဖော်နိုင်မည့် မြေနေရာ ရရှိမှုအပေါ်မူတည်၍ မဂ္ဂါဝပ် ၉၀ အထိ ထုတ်လုပ်မှုစွမ်းအား တိုးမြှင့် လုပ်ကိုင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)