မိုင်းရယ် မေ ၁၂
မိုင်းရယ်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများက နေပြည်တော်နှင့် ငွေဆောင်ကမ်းခြေတို့မှ လေ့လာရေးခရီးသွားရောက် လည်ပတ်ပြီး ပြန်လည်ရောက်ရှိလာသည့် ရှမ်း(မြောက်)ဒေသမှ လူရည်ချွန် မောင်မယ်များအား ယနေ့မွန်းလွဲပိုင်းတွင် အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမ၌ ကြိုဆိုဂုဏ်ပြုကြသည်။
အဆိုပါ လူရည်ချွန်မောင်မယ်များမှာ မိုင်းရယ်မှ တစ်ဦး၊ တန့်ယန်းမှ ငါးဦး၊ လားရှိုးနှင့် မူဆယ်မြို့နယ်တို့မှ ခုနစ်ဦးစီတို့ဖြစ်ပြီး ကြီးကြပ် ဆရာ ဆရာမ လေးဦးတို့က လိုက်ပါကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


