သံဖြူဇရပ် မေ ၁၂
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၆ ခုနှစ်အတွင်း ဆောင်ရွက်လျက်ရှိသည့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးရေးနှင့် ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဘုရင့်နောင်ခန်းမ၌ ကျင်းပသည်။
ပေးအပ်
ဦးစွာ မိုးရာသီစိုက်ပျိုးစရိတ် ချေးငွေများကို မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရွှေလူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကျေးရွာအုပ်စု ငါးအုပ်စုမှ တာဝန်ခံများထံ ပေးအပ်သည်။
အဆိုပါ ချေးငွေကို သံဖြူဇရပ်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တောင်သူ ၃၅ ဦးအား တစ်ဧကလျှင် ငွေကျပ် ၃၀၀၀၀၀ နှုန်းဖြင့် ဧက ၁၈၀ အတွက် ထုတ်ချေးငွေ ကျပ်သိန်း ၅၄၀ ကို ထုတ်ချေးပေးမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးစရိတ် ချေးငွေအပြင် လယ်ယာသုံးစက်ကိရိယာ ချေးငွေများကိုလည်း ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက် (၁၀၀) စီမံချက်အတွင်း ထုတ်ချေးပေးရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


