မုဒုံ မေ ၁၂

 

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များကို ယနေ့နံနက်ပိုင်းက တာပသွန်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်သည်။

 

ထိုသို့ ဆောင်ရွက်နေမှုကို မွန်ပြည်နယ် ဒုတိယလွှတ်တော်ဥက္ကဋ္ဌ ဦးမင်းအောင်မြင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်ခိုင်ဆွေနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးက ကြီးကြပ်၍ ဝန်ထမ်းများက ဒေသခံပြည်သူများ၊ ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရာမည (ပြန်/ဆက်)