ကျိုက်ထို မေ ၁၃
မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဇေယျာဦးသည် ယနေ့နံနက်ပိုင်းက ကျိုက်ထိုမြို့နယ်ရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ်ငန်းခွဲရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို မှာကြားသည်။
ယင်းနောက် တောင်သူစုရပ်ကွက် မြန်မာ့မီးရထားကျိုက်ထိုဘူတာဝင်းတွင် ဘူတာမှတာဝန်ရှိသူများအား အဆိုပါဧည့်ခန်းမတွင် တွေ့ဆုံပြီး မြန်မာ့မီးရထားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး၊ မီးရထားစီးခရီးသွားပြည်သူများ၊ မီးရထားဖြင့် ဘုရားဖူးလာရောက်ကြသည့် ပြည်သူများ အဆင်ပြေစွာသွားလာနိုင်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
ပြည့်ဖြိုး(ပြန်/ဆက်)


