တောင်ကြီး မေ ၁၃

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဒုတိယအကြိမ် နွေရာသီအခြေခံ ကွန်ပျူတာ၊ အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲကို မေ ၁၁ ရက် နံနက်ပိုင်းက တောင်ကြီးမြို့လူထုအခြေပြုဗဟိုဌာန ဘက်စုံသုံးခန်းမ၌ ပြုလုပ်သည်။

 

သင်တန်းဖွင့်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ကိုယ်စား ပြည်နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးလင်းအောင်ဆွေက အမှာစကား ပြောကြားပြီး သင်တန်းအတွက် ချီးမြှင့်ငွေနှင့် သင်ထောက်ကူပစ္စည်းများ ပေးအပ်သည်။

 

ဆက်လက်၍ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အင်္ဂလိပ်စကားပြော သင်တန်းခန်းမ၊ ကွန်ပျူတာသင်တန်းခန်းမတို့တွင် သက်ဆိုင်ရာ ဘာသာရပ်အလိုက် သင်ကြားနေမှုနှင့် အထွေထွေ ဗဟုသုတစကားပုံ ဆက်ပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ ကျင်းပနေမှုတို့ကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)