စစ်တွေ မေ ၁၃

 

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး၊ ရခိုင် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေ၊ ဒုတိယဥက္ကဋ္ဌနှင့် ပြည်နယ်ဝန်ကြီးများသည် မေ ၁၀ ရက်နံနက်ပိုင်းက ကျောက်ဖြူမြို့နယ် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

 

ဦးစွာ မြို့မအားကစားကွင်း အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရန်နှင့် သာသနာ့ဗိမာန်ပြုပြင်ပြီးစီးမှုကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် နယ်မြေခံရဲတပ်ဖွဲ့ခွဲသို့ သွားရောက်၍ တပ်ဖွဲ့ဝင်များနှင့်မိသားစုများအား စားသောက်ဖွယ် ရာများပေးအပ်ချီးမြှင့်ကာ ရဲတပ်ဖွဲ့ခွဲအတွင်း မြေထိန်းနံရံတည်ဆောက်နေမှု၊ ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ရေရရှိရေး လုပ်ငန်းများဆောင်ရွက်‌နေမှု၊ သိုင်းချောင်းလမ်းဆုံ မှ သစ်ပုတ်တောင်ကျေးရွာအထိ လမ်းတံတားများ ကြံ့ခိုင်ကောင်းမွန်ရေး ဆောင်ရွက်မည့်အစီအမံများကို ကြည့်ရှုစစ်ဆေးသည်။

 

ယင်းနောက် ကုန်းတွင်းသဘာဝဓာတ်ငွေ့စခန်း (Onshore Gas Terminal - OGT ) အတွင်း လုပ်ငန်းဆောင်ရွက်နေမှု၊ (၃)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ကာကွယ်ဆေးထိုးနှံ‌တိုက်ကျွေးပေးနေမှု၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း သိပ္ပံခန်း၊ KWS ဇီဝဇိုး ငှက်သိုက်ထုတ်လုပ်ရေး၊ သဘာဝငှက်များမွေးမြူထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးသည်။

 

ဆက်လက်၍ ဂုံးချွိန်ကျေးရွာအနီး ကုန်းတွင်း သဘာဝဓာတ်ငွေ့လက်ခံရေးစခန်း (Internal Gas Station - IGS) သို့ သွားရောက်၍ သိရှိလိုသည်များကို ပြန်လည်မေးမြန်းဆွေးနွေးကာ လုပ်ငန်းခွင်ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

 

တင်ထွန်း (ပြန်/ဆက်)