ပုံပါကျင်  ၂၅   မတ်  

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၊ နားကောင်းမူးကျေးရွာ၌ ဆိုလာဖြင့်ဘက်ထရီ အားသွင်းထားရာမှ အပူရှိန်လွန်ကဲပြီး သွပ်မိုး၊ ထရံကာ၊ ကြမ်းခင်းနေအိမ်(၁)လုံးမီးလောင်ဆုံးရှုံးမှု မတ် ၂၄ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

1

 

ဖြစ်စဉ်မှာ မတ် ၂၄ ရက် ညနေ ၃ နာရီ ၄၅ မိနစ်က ဦးကျော်ဌေး၏ နေအိမ်ဘုရားစင်အောက်တွင် ဆိုလာဖြင့် ဘက်ထရီအားသွင်းထားရာမှ အပူရှိန်လွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ရာ  မီးလောင်မှုကို နားကောင်းမူးကျေးရွာ၊ နယ်မြေခံရဲစခန်းမှ ရဲအုပ်ကျော်မိုးနိုင် ဦးစီး(၆)ဦး၊ မီသတ်တပ်ဖွဲ့တာဝန်ခံ တပ်ကြပ်ကြီးအောင်ဟိန်းဦး ဦးစီးသော မီးသတ်တပ်ဖွဲ့ဝင်(၅)ဦးနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်(၄)ဦးတို့က မီးသတ်ယာဉ် (၁)စီးနှင့် ဒေသခံပြည်သူများ ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် အခြားအိမ်များသို့ ကူးစက်လောင်ကျွမ်းမှုမရှိ ညနေ ၄ နာရီ ခန့်တွင် မီးငြိမ်းသွားကြောင်း သိရသည်။    

 

အဆိုပါ မီးပေါ့ဆစွာသုံးစွဲသည့် နေအိမ်ပိုင်ရှင် ဦးကျော်ဌေး(၅၄)နှစ်အား နားကောင်းမူးနယ်မြေရဲစခန်း၌ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

 

သန်းဇော်(မိုင်းဆတ်)

 

2