သံတောင်ကြီး မေ ၁၃

 

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ရက်(၁၀၀) စီမံချက်ဖြင့် ကျွဲ၊ နွားကူးစက်ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို မေ ၁၁ ရက်က သံတောင်ကြီးမြို့နယ် မိတ်သလင်တောင်ကျေးရွာနှင့် ပျားစခန်းကျေးရွာတို့တွင် ကွင်းဆင်းဆောင်ရွက်သည်။

 

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် သံတောင်ကြီးမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဇင်မျိုးအောင်နှင့် ဝန်ထမ်းများက ကျွဲ၊ နွားကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

နော်နော်မူ