မြောင်းမြ မေ ၁၃
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့တွင် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပေးခြင်း အခမ်းအနားကို မေ ၁၂ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ မြရွှေဝါခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တံခွန်တိုင်ကျေးရွာအုပ်စုအတွင်းရှိ တောင်သူ ၁၀၉ ဦးတို့၏ မိုးစပါးစိုက် ၈၀၇ ဧကအတွက် တစ်ဧကလျှင် ငွေကျပ် သုံးသိန်းနှုန်းဖြင့် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား မြောင်းမြမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်ဖြိုး(ပြန်/ဆက်)


