ကော့ကရိတ် မေ ၁၃

 

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကျုံဒိုးမြို့နေပြည်သူများအား ရက် ၁၀၀ စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေး ကတ်နှင့် UID ကတ်ထုတ်ပေးခြင်း လုပ်ငန်းများကို မေ ၁၂ရက်က  အထက(ကျုံဒိုး)၌ မြေပြင်ကွင်းဆင်းဆောင်ရွက်သည်။

 

 လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ကော့ကရိတ်မြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ကျုံဒိုးမြို့နေပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းထုတ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးသည်။

 

ထိုသို့ဆောင်ရွက်နေမှုကို ကရင်ပြည်နယ် မွန်တိုင်းရင်းသား လူမျိုးရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးပြီး UID ကတ်များကို ပြည်သူများထံ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ခရိုင်(ပြန်/ဆက်)