ကော့မှူး မေ ၁၃
ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ စာပေချစ်မြတ်နိုးသူများ၊ Book Club အသင်းအဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန ခန်းမ၌ ကျင်းပသည်။
ဦးစွာ စာဖတ်ဝိုင်းတွင် တွံတေးခရိုင် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးက အမှာစကားပြောကြားပြီး ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် Book Club အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒေါ်ယုဇနခိုင်၊ ဒေါ်နှင်းရွှေရည်ဝင်းနှင့် ဒေါ်ထက်ထက်ထွန်းတို့က စာရေးဆရာမခင်စောတင့်ရေးသားသည့် “စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ” စာအုပ်ပါအကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကျော်သူရ (ကော့မှူး)


