နေပြည်တော် မေ ၁၃
ရှမ်းပြည်နယ် (အရှေ့အလယ်ပိုင်း) စစ်မှုထမ်းဟောင်းအဖွဲ့ ၂၀၂၆ ခုနှစ် နှစ်ပတ်လည် အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်၊ နမ့်စန်တပ်နယ်ခန်းမ၌ ပြုလုပ်ရာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ခင်အောင်မြင့် (အငြိမ်းစား)၊ ရှမ်းပြည်နယ် (အရှေ့အလယ်ပိုင်း) စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့၊ နာယကအဖွဲ့ဝင် အရှေ့အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ပြည်နယ်/မြို့နယ် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။
ဦးစွာ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌက အမှာစကား ပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးပြောကြားပြီး ပြည်နယ်စစ်မှုထမ်းဟောင်းအဖွဲ့ဥက္ကဋ္ဌက နှစ်ပတ်လည် အစီရင်ခံစာကို တင်ပြသည်။ ဆက်လက်၍ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌက စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအတွက် ချီးမြှင့်ငွေများပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။
ယင်းနောက် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ ဗဟိုအမှုဆောင်အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်


