သာယာဝတီ မေ ၁၃
ပဲခူးတိုင်းဒေသကြီး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ရက် (၁၀၀) စီမံချက်ဖြင့် ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ တိုးမြှင့်ထုတ်ချေးခြင်း အခမ်းအနားကို မေ ၁၂ ရက် နံနက်ပိုင်းက သာယာဝတီခရိုင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ပြုလုပ်သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းဟိုက အမှာစကားပြောကြားပြီး မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ ခရိုင်မန်နေဂျာ ဒေါ်ဗေဒါရီက ၂၀၂၆ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများနှင့်ပတ်သက်၍ ချေးငွေဆိုင်ရာစည်းကမ်းချက်များကို တောင်သူများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ၂၀၂၅ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ အစောဆုံး ပြေကျေသည့် အိပ်လဟာကျေးရွာအုပ်စုမှ တောင်သူ ၄၅၂ ဦး၏ လယ် ၃၅၁၇ ဧကအတွက် တစ်ဧကလျှင် ငွေကျပ်သုံးသိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၁၀၅၅၁ သိန်းကို တောင်သူများလက်ဝယ်အရောက် စနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


