ပဲခူး မေ ၁၃
ပဲခူးတိုင်းဒေသကြီး ဝေါမြို့နယ် အဗျားဘိုတဲကျေးရွာအုပ်စုရှိ တောင်သူ ဦးကျော်မင်းသူ၏ လယ်မြေတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများသည် လယ်မြေများတွင် အသုံးပြုရန်အတွက် သဘာဝမြေသြဇာမြေဆွေး (အီးအမ်ဘိုကာရှီ) မြေဆွေးပုံပြုလုပ်နေမှုများကို ယနေ့နံနက်ပိုင်းက မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသက်လွင်နှင့် မြို့နယ်စိုက်ညှိကော်မတီဝင်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အာကာ(ပြန်/ဆက်)


