အင်္ဂပူ မေ ၁၃
သဘာဝဘေးဖြစ်ပေါ်လာပါက ပြည်သူတို့၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် မီးသတ်ဦးစီးဌာနတွင် အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် အသင့်ရှိကြောင်း သိရသည်။
ဖွဲ့စည်းထား
ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲမင်းသိန်း ဦးဆောင်သည့် သန္ဓေတပ်ဖွဲ့ဝင် ၃၅ ဦး ပါဝင်ဖွဲ့စည်းထားရှိပြီးသဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ပါက ကူညီရန်အသင့်ရှိကြောင်း၊ ကယ်ဆယ်ရေး လုပ်ငန်းများအတွက် လေ့ကျင့်မှုများကိုလည်း တပ်ဖွဲ့ဝင်များက အရန်သင့် ဆောင်ရွက်ထားကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)


