မြန်အောင် မေ ၁၄

 

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်တွင် ရက်(၁၀၀) စီမံချက်ဖြင့် ၂၀၂၆- ၂၀၂၇ ဘဏ္ဍာနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ပွဲအခမ်းအနားကို မေ ၁၂ ရက်က မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြန်အောင်ဘဏ်ခွဲ၌ ကျင်းပသည်။

 

အခမ်းအနားတွင် မြန်အောင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဒေါ်စုစုခိုင်က မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေ ထုတ်ချေးမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး ညောင်ဝိုင်းကျေးရွာအုပ်စုမှ တောင်သူများအတွက် စိုက်ပျိုးစရိတ် ချေးငွေများကို စတင်ထုတ်ချေးပေးသည်။

 

မြန်အောင် မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၇၃ အုပ်စုမှ တောင်သူ ၁၀၀၀၀ ကျော်တို့၏ လယ်ယာမြေ ဧက ၇၂၀၀၀ အတွက် စိုက်ပျိုးစရိတ်ချေးငွေကျပ် သန်း ၂၁၆၀၀ ကို ထုတ်ချေး ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)