နေပြည်တော်   မေ   ၁၄

၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ သို့ ဝင်ရောက်ယှဉ်ပြိုင်မည့်  ဘောလုံးအသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး  အသက်(၁၈)နှစ်အောက် အမျိုးသားဘောလုံးအသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေကျပ် ၆၂၇၀၀၀၀ ကို လည်းကောင်း၊ နေပြည်တော်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌက ထောက်ပံ့ငွေကျပ် ၁၁၀၀၀၀၀၀ ကို လည်းကောင်း ထောက်ပံ့ပေးအပ်သည်။

ထို့နောက် နေပြည်တော်အမျိုးသမီးအားကစား ဆပ်ကော်မတီနာယက၊ ဥက္ကဋ္ဌနှင့် ကော်မတီက နေပြည်တော် အမျိုးသမီးဘော်လီဘောအသင်းအား ထောက်ပံ့ငွေများပေးအပ်ကြရာ နေပြည်တော်ကောင်စီဝင်က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ထွန်းလင်း(ဇေယျာမြေ)