နေပြည်တော် မေ ၁၄

 

ပြည်ပအလုပ်အကိုင် ခန့်အပ်နိုင်ရေး လုပ်ငန်းကော်မတီညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးမောင်မောင်သန်းက စစ်မှုထမ်းတာဝန် ကျေပွန်စွာထမ်းဆောင်ခဲ့သူများ၏ ကျွမ်းကျင်မှုနှင့် လုပ်ငန်းအတွေ့အကြုံများအရ သင့်လျော်သည့် ပြည်ပအလုပ်အကိုင်ရရှိရေးနှင့် စနစ်တကျ ချိတ်ဆက်ပေးနိုင်ရေး ရည်ရွယ်၍ ဆောင်ရွက်သွားကြ ရမည်ဖြစ်ကြောင်း ပြောကြားသည်။

 

စစ်မှုထမ်းတာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများက ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်လိုကြောင်း အဆိုပြုလာသူများကို ကုန်ကျစရိတ် သက်သာစွာ သွားရောက်နိုင်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ မြန်မာပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်း၊ ပြည်ပ အလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်