လွိုင်ကော် မေ ၁၄

 

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်သည် ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ ကုန်းသာကျေးရွာနှင့် ထီးသူးကူးကျေးရွာတို့ရှိ စာသင်ကျောင်းများ ယခုပညာသင်နှစ်အမီ ပြန်လည်ဖွင့်လှစ်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုသည်။

 

ဦးစွာ ကုန်းသာအခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ) ထီးသူးကူးဝင်းများအတွင်း ဆရာ ဆရာမများ၊ ဌာနဆိုင်ရာများနှင့် ကျေးရွာနေ ပြည်သူများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု၊ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ထိခိုက်ပျက်စီးသည့် စာသင်ခန်းများ ပြန်လည်ပြင်ဆင်နိုင်ရေး၊ ကျောင်းသုံးပရိဘောဂများ ပြန်လည်ဖြည့်တင်းနိုင်ရေး ပြည်သူများအနေဖြင့် ပူးပေါင်းဆောင်ရွက်ကြ စေလိုကြောင်း ပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ပြည်နယ်(ပြန်/ဆက်)